TrueMoney အကြောင်း:


ကျွန်ုပ်တို့အကြောင်း

Ascend Group သည် True Corporation နှင့် မွေးချင်းကုမ္ပဏီဖြစ်၍ C.P. Group၏ ကုမ္ပဏီခွဲဖြစ်ပါသည်။ Ascend Group ၏ကုမ္ပဏီခွဲဖြစ်သော TrueMoney သည် TrueMoney Myanmar အဖြစ် မြန်မာနိုင်ငံသို့ 2014 ခုနှစ်တွင်စတင်ရောက်ရှိခဲ့သည်။ TrueMoney သည် မြန်မာနိုင်ငံတွင်သာမက အာဆီယံနိုင်ငံများဖြစ်သော Cambodia , Indonesia, Philippine စသည့်နိုင်ငံများတွင်ပါလုပ်ကိုင်နေသောကြောင့် International company တစ်ခုဖြစ်ပါသည်။ TrueMoney Myanmar သည် ပြည်သူလူထုအတွက် အထောက်အကူပြုနိုင်သည့် လိုအပ်နေသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ပေးလျှက်ရှိသည်။ TrueMoney Myanmar သည် ပြည်တွင်းငွေလွှဲဝန်ဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း နှင့် ဘေလ်ပေးဆောင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်

အရှေ့တောင်အာရှရှိနိုင်ငံများတွင် အွန်လိုင်းလုပ်ငန်းများကို အဓိကထား၍ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ဒီဂျစ်တယ်နှင့် နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများပေး၍ လူနေမှုဘဝတိုးတက်မှုအတွက်အထောက်အကူပြုရန်ဖြစ်ပါသည်။